လားရှိုး မတ်လ ၁၁
လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စာမေးပွဲဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် အမှတ်(၁)နှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိပြီး ဖြေဆိုရန် စာရင်းရှိဦးရေ ကျား ၄၄၈ ဦး၊ မ ၅၆၅ ဦး၊ စုစုပေါင်း ၁၀၁၃ ဦးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)