သံဖြူဇရပ် မတ် ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)သံဖြူဇရပ်၊ အ.ထ.က (၂) သံဖြူဇရပ်စာစစ်ဌာန (၂) ခုဖြင့် ယနေ့နံနက်ပိုင်းမှစ၍ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းပျော်ရွင်စွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။
သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အ.ထ.ကခွဲ(၄)ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၂) ကျောင်းနှင့် ပြင်ပဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်းစာရင်းရှိ ကျား(၂၄၁)ဦး၊ မ (၄၀၆) ဦး စုစုပေါင်း(၆၄၇) ဦးရှိပြီး၊ ဖြေဆိုသူ ကျား(၂၂၈)ဦး၊ မ(၃၉၇)ဦး စုစုပေါင်း(၆၂၅)ဦး၊ ပျက်ကွက်ကျား(၁၃)ဦး၊ မ(၉)ဦးစုစုပေါင်း (၂၂)ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ( ၉၇.၆၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)