အလုံ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ (၆၁)ဦး အေးချမ်းစွာ ဝင်ရောက် ဖြေဆိုကြကြောင်း သိရသည်။
ထိုသို့ ဖြေဆိုရာတွင် ဖြေဆိုသူစာရင်းရှိ ကျောင်းသား/ကျောင်းသူပေါင်း (၆၅)ဦးရှိရာ ဖြေဆိုသူ (၆၁) ဦး၊ ပျက်ကွက်သူ (၄) ဦးရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်းအားဖြင့် (၉၃.၈၅) ရှိကြောင်း သိရသည်။
အလုံမြို့နယ်တွင် မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာမေးပွဲ ဖြေဆိုချိန် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော စာစစ်ဌာနလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)