သာစည်မြို့နယ်တွင်၊ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌၊ စာစစ်ဌာန(၅)ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသား/သူ (၉၁၆)ဦး ဝင်ရောက်ဖြေဆို

သာစည်  မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင်၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ စာစစ်ဌာန (၅)ခု တို့၌ ကျောင်းသား/သူ (၉၁၆)ဦး  ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးထံမှ သိရသည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၅)ခုတို့၌စာရင်းရှိ ကျောင်းသား (၃၉၄)ဦး၊ ကျောင်းသူ (၅၄၅) ဦး၊ စုစု‌ပေါင်း (၉၃၉) ဦးရှိရာ၊ ဝင်ရောက်ဖြေဆိုသူ အမှတ်(၁) အ.ထ.က စာစစ်ဌာန တွင် ကျောင်းသား (၁၄၅) ဦး၊ ကျောင်းသူ(၂၀၅)ဦး၊ ပေါင်း (၃၅၀) ဦး၊ ညောင်ရမ်း အ.ထ.က စာစစ်ဌာနတွင် ကျောင်းသား (၈၄)ဦး၊ ကျောင်းသူ(၁၀၅)ဦး၊ ပေါင်း (၁၈၉)ဦး၊ ဟံဇားအ.ထ.က စာစစ်ဌာန တွင်ကျောင်းသား (၅၂)ဦး၊ ကျောင်းသူ (၇၈)ဦး၊ ပေါင်း(၁၃၀)ဦး၊  ယင်းမာပင် အ.ထ.က စာစစ်ဌာတွင် ကျောင်းသား(၃၈)ဦး၊ ကျောင်းသူ(၄၀)ဦး၊‌ ပေါင်း(၇၈)ဦး၊ မယ်ဇလီကန် အ.ထ.က စာစစ်ဌာနတွင် ကျောင်းသား(၆၂)ဦး၊ ကျောင်းသူ (၁၀၇)ဦး၊ ပေါင်း (၁၆၉)ဦး၊ စုစုပေါင်း  ကျောင်းသား (၃၈၁)ဦး၊ ကျောင်းသူ (၅၃၅)ဦး၊ စုစုပေါင်း( ၉၁၆ )ဦးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့်‌ ဖြေဆိုသည့် ရာခိုင်းနှုန်း  ၉၇.၅၅  ရာခိုင်နှုန်းရှိ‌ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)