ဆိပ်ကြီးခနောင်တို မတ် ၁၁
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင်လည်း ပထမနေ့မြန်မာစာကို အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲစတင်ဖြေဆိုလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၄၁ ဦး၊ ကျောင်းသူ ၆၈ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၉ ဦး စာရင်းပေးသွင်းထားပြီး၊ ယနေ့ လာရောက်ဖြေဆိုသူ ကျောင်းသား ၃၆ ဦး၊ ကျောင်းသူ ၆၀ ဦး စုစုပေါင်း ၉၆ ဦးရှိပြီး၊ ဖြေဆိုမှုရာခိုင်နှုန်း ၈၈.၀၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)