ကော့မှူး၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စတင်ဖြေဆို

ကော့မှူး မတ် ၁၁

၂၀၂ ခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်းယနေ့နံနက် ၉ နာရီက အေးချမ်း‌ပျော်ရွှင်စွာ စတင်ဖြေဆိုနေကြကြောင်း သိရသည်။

ကော့မှူးမြို့နယ် အ.ထ.က ကော့မှူးစာစစ်ဌာနတွင် မြန်မာစာဖြေဆိုမည့်စာရင်းရှိ ကျောင်းသား (၈၉) ဦး၊ ကျောင်းသူ (၁၂၅) ဦး၊ စုစုပေါင်း (၂၁၄) ဦးရှိပြီး ယနေ့ဖြေဆိုသည့် ကျောင်းသား (၈၄) ဦး၊ ကျောင်းသူ (၁၁၇) ဦး စုစုပေါင်း (၂၀၁) ဦး ဖြေဆိုကြရာ ၉၃ ဒသမ ၉၃ ရာခိုင်နှုန်းရှိပြီး၊ ပျက်ကွက်ကျောင်းသား () ဦး၊ ကျောင်းသူ () ဦး စုစုပေါင်း (၁၃) ဦး ပျက်ကွက်ရာ ခိူင်းနှုန်း ၆.၀၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာများ ဆရာ/ ဆရာမများက ဝိုင်းဝန်းဆောင်ရွက်ပေးကြကြောင်း‌ သိရသည်။

ကျော်သူရ (ပြန်/ဆက်)