မက်မန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (မြန်မာစာ)နေ့တွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဝင်ရောက် ဖြေဆိုလျက်ရှိ

မက်မန်း မတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့(မြန်မာစာ)ကို ဝင်ရောက်ဖြေဆိုလျက်ရှိရာ တွင်စာရင်းရှိ (၂၁) ဦး စာရင်းပေးသွင်းခဲ့ပြီးကျား (၁) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၃) ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် ကျား (၄) ဦး၊ မ (၁၄) ဦး၊စုစုပေါင်း (၁၈) ဦး ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြေဆိုသူ (၁၈) ဦးတွင် အတွင်းဖြေ (၁၇) ဦး၊ အပြင်ဖြေ (၁) ဖြစ်ပြီး မက်မန်းမြို့နယ်တွင် ဖြေဆိုသူ ရာခိုင်းနှုန်း (၈၅.၇၁) ရာခိုင်းနှုန်းရှိကြောင်းလည်းသိရသည်။ အဆိုပါ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မက်မန်းမြို့နယ် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က ဝန်းရံကူညီပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)