ကျိန္တလီမြို့၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို

ကျိန္တလီ မတ် ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျိန္တလီ စာစစ်ဌာန၌ ယနေ့နံနက် ၉နာရီအချိန်တွင်   ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁၇)ဦးတို့က ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူဦးရေမှာ ကျား(၅၂)ဦး၊ မ(၆၆)ဦး၊ စုစုပေါင်း (၁၁၈)ဦးရှိသည့်အနက် ယနေ့နံနက်(၉)နာရီအချိန်တွင် စာမေးပွဲလာရောက်ဖြေဆိုသူဦးရေမှာ ကျား(၅၁)ဦး၊ မ(၆၆)ဦး စုစုပေါင်း (၁၁၇)ဦး ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ ကျား(၁)ဦး၊ မ(-)ဦး စုစုပေါင်း(၁)ဦးရှိရာ အ.ထ.က ကျိန္တလီစာစစ်ဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ စာမေးပွဲလာရောက်ဖြေဆိုမှုမှာ ရာခိုင်နှုန်းအားဖြင့်( ၉၉.၁၄၅၂%)ရှိသည်။

ကျိန္တလီမြို့ အ.ထ.က ကျိန္တလီစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အတွင်းစည်း၊ အပြင်စည်း ကန့်သတ်ထားရှိပြီး စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက်မဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအဆင်ပြေရန် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိန္တလီ(ပြန်/ဆက်)