မတ္တရာမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

မတ္တရာ မတ် ၁၁

၂ဝ၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံအဝန်းတွင် ယနေ့ မတ်လ ၁၁ ရက်နေ့မှ စတင်၍ ကျင်းပဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင်လည်း အ.ထ.က (မတ္တရာ)၌ စာစစ်ဌာန(၁)ခု ဖွင့်လှစ် ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျား(၁၁၈)ဦး၊ မ(၂၀၃)ဦး စုစုပေါင်း(၃၂၁) ဦးရှိပြီး ယနေ့မြန်မာစာဖြေဆိုသည့်နေ့တွင် ကျား(၁၀၈)ဦး၊ မ(၁၉၁)ဦး စုစုပေါင်း(၂၂၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကာ ဖြေဆိုမှုရာခိုင်နှုန်း ၉.၁၅% ရှိခဲ့သည်။ ကျား(၁၀)ဦးနှင့် မ(၁၂)တို့မှာ လာရောက်ဖြေဆိုခြင်းမရှိကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများမှ လုံခြုံရေးတာဝန်များ ချထားဆောင်ရွက်လျက်ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)