ချမ်အေးသာစံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား/ကျောင်းသူ ၆၇၇ဦး ဖြေဆို

ချမ်းအေးသာစံ မတ် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် (၉)နာရီက စတင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ မြန်မာစာဘာသာရပ်တွင် ကျောင်းသားကျောင်းသူ (၆၇၇)ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနများအဖြစ် အ.ထ.က(၁၄)၊ အ.ထ.က (၁၆)နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီးတို့တွင် သတ်မှတ်‌ဖြေဆို စေခဲ့ပြီး အ.ထ.က (၁၄) စာစစ်ဌာန၌  ဖြေဆိုရန် စာရင်းရှိ ကျား (၁၆၀)ဦးရှိရာ (၁၅၉)ဦး ဖြေဆိုပြီး (၁) ဦး ပျက်ကွက် မ (၁၇၈)ဦးရှိရာ (၁၇၈)ဦး စလုံး ဖြေဆိုခဲ့သည်။ စာစစ်ဌာန အ.ထ.က (၁၆) တွင် စာရင်းရှိ ကျား (၁၇၈)ဦး ဖြစ်ရ (၁၆၈)ဦး ဖြေဆိုခဲ့ပြီး (၁၀)ဦး ပျက်ကွက် ဖြစ်ပြီး စာရင်းရှိ မ (၁၈၆)ဦးရှိရာ (၁၇၂)ဦး ဖြေဆိုခဲ့ရာ (၁၄)ဦးပျက်ကွက်ခဲ့ရာ စုစုပေါင်း ဖြေဆိုရန် စာရင်းရှိ (၇၀၂)ဦး ဖြစ်ကာ(၆၇၇)ဦး ဖြေဆိုခဲ့သည်။

ကျောင်းသားကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာ ဖြေဆိုနိုင်ရေး သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာ ဌာနမျာနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)