မောက်မယ်မြို့နယ်၌ ၂၀၂၄ခုနှစ် (Grade-12) တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မောက်မယ် မတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ခုနှစ် မတ်လ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (Grade-12) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ ကျောင်းသားကျောင်းသူများ ယနေ့နံနက် ၉ နာရီက အေးချမ်းစွာစတင် လာရောက်ဖြေဆိုကြောင်းသိရသည်။

မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင့် အခြေခံပညာအထက်တန်းကျောင်း (ဥယာစန်း) စုစုပေါင်းကျောင်း (၂) ကျောင်းတို့မှ အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) စာစစ်ဌာနတွင် (Grade-12) စာရင်းရှိ ကျောင်းသား (၂၀) ဦး၊ ကျောင်းသူ(၂၉)ဦး စုစုပေါင်း (၄၉)ဦးရှိပြီး ယနေ့တွင်လာရောက်ဖြေဆိုသူ ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ(၂၈)ဦး စုစုပေါင်း (၄၇)ဦး တို့က ယနေ့မြန်မာစာဘာသာရပ်ကို တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရ သည်။    

စိုင်းမျိုးသန့်(မောက်မယ်)