မလှိုင်မြို့နယ်ရှိ စာစစ်ဌာန (၄)ခု၌  ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆို

မလှိုင် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ စာစစ်ဌာန(၄)တွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ မြန်မာစာဘာသာရပ်ကို တစ်ပြိုင်တည်း အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် အ.ထ.က (မလှိုင်)၊ အ.ထ.က(ပန်းအိုင်)၊ အ.ထ.က (ဆည်တို)၊  အ.ထ.က (နှောကန်) ဟူ၍ စာစစ်ဌာန(၄)ခုထားရှိပြီး   အ.ထ.က (မလှိုင်) စာစစ်ဌာနတွင် စာရင်းရှိ (၇၅၂) ဦး၊ ဖြေဆိုသူ(၇၄၈)ဦး၊ ပျက်ကွက်(၄)ဦး အ.ထ.က(ပန်းအိုင်)တွင် စာရင်းရှိ(၆၀)ဦး၊ ဖြေဆိုသူ(၆၀)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က(ဆည်တို)တွင် စာရင်းရှိ(၁၉၄)ဦး၊ ဖြေဆိုသူ(၁၉၃)ဦး၊ ပျက်ကွက်(၁)ဦး၊ အ.ထ.က(နှောကန်) စာစစ်ဌာနတွင်တွင် စာရင်းရှိ(၇၂)ဦး၊ ဖြေဆိုသူ(၇၁)ဦး၊ ပျက်ကွက်(၁)ဦးရှိကြောင်း သိရသည်။ ထိုအပြင် အ.ထ.က(မြို့သစ်)၊ အ.ထ.က(ခွဲ)ကျပ်ဖြူ၊ အ.ထ.က(ခွဲ)သာထွန်းအေး၊ အ.လ.ကထန်းတောကျောင်းတို့အား အရံစာစစ်ဌာနများအဖြစ် ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မလှိုင်တစ်မြို့နယ်လုံးရှိ စာစစ်ဌာန(၄)ခုတွင် စာရင်းရှိ (၁၀၇၈) ဦး၊ လာရောက်ဖြေဆိုသူ စုစုပေါင်း (၁၀၇၂)ဦး ပျက်ကွက်သူစုစုပေါင်း(၆)ဦးရှိ၍ ယနေ့ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၉.၄၄)ရှိကြောင်း သိရသည်။  တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများက စာစစ်ဌာနအသီးသီးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ စာစစ်ဌာနများတွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အပြင်စည်းလုံးခြုံရေး၊ အတွင်းစည်းလုံခြုံရေးအတွက် တာဝန်ကျကျောင်းအုပ်ဆရာကြီးနှင့်ဆရာမများ စာမေးပွဲကြီးကြပ်များက တာဝန်ယူပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)