ခိုလမ် မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က အ.ထ.က (ခိုလမ်) စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိပါသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ မတ်လ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည့်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၈၅) ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်။
ထိုသို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်စေရန် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိ၊ရပ်ဖများမှ လုံခြုံရေးကိစ္စများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)