ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို

ပျော်ဘွယ် မတ် ၁၁

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် (၉)နာရီက စတင် ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာစစ်ဌာန (၇)ခုဖြစ်သည့် အထက(၁)၊ အထက (ယင်းတော်)၊ အထက(ရန်အောင်)၊ အထက (အရှေ့လျှော်ဖြူကုန်း)၊ အထက (တောင်ညောင်ကုန်း)၊ အထက (ရွှေညောင်ဖူး)၊ အထက (ရွာသစ်အနောက်)တို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၅၁၇)ဦးနှင့် ကျောင်းသူ (၈၃၀)ဦး၊ စုစုပေါင်း (၁၃၄၇)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား (၄၉၉)ဦးနှင့် ကျောင်းသူ (၈၁၂)ဦး၊ စုစုပေါင်း (၁၃၁၁)ဦး ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက် ကျောင်းသား (၁၈) ဦးနှင့် ကျောင်းသူ (၁၈)ဦး စုစုပေါင်း (၃၆)ဦးရှိကြောင်း‌ မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ ပူးပေါင်း၍ အတွင်းအစည်း၊ အပြင်စည်း လုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)