၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ရမည်းသင်း    မတ်   ၁၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်  ၉ နာရီအချိန်က  စာစစ်ဌာနအလိုက် တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း အ.ထ.က(၁)စာစစ်ဌာန၊ မြို့လှအ.ထ.က စာစစ်ဌာန၊ သိမ်ကုန်းအ.ထ.က စာစစ်ဌာနနှင့် ရွာတန်း အ.ထ.က စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန (၄)ခုရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုရန် စာရင်းရှိကျောင်းသား (၅၃၆)ဦး၊ ကျောင်းသူ (၇၄၄)ဦး စုစုပေါင်း(၁၂၈၀)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား(၅၁၈)ဦးနှင့်ကျောင်းသူ(၇၃၂)ဦး၊ စုစုပေါင်း(၁၂၅၀)ဦး ဖြေဆိုကာပျက်ကွက် ကျောင်းသား(၁၈)ဦး၊ ကျောင်းသူ(၁၂) ဦး စုစုပေါင်း (၃၀)ဦးရှိ‌ကြောင်း ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ဇော်ဝင်းအောင်