အမရပူရ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်း အမြစ်)မှ အမရပူရမြို့နယ်အတွင်း ဆည်ရေမရရှိသည့်ဒေသများတွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်မြစ်ရေတင်စက်များဖြင့် လာမည့်မတ်လ ၁၅ ရက်နေ့တွင် ရေများစတင်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
အမရပူရမြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်အနေဖြင့် ရေကြည်ပေါက်၊ ဘနော၊ စားတော်နှင့် လိပ်ဆံခွန် မြစ်ရေတင်စက်များဖြင့် နှစ်စဉ်ရေပေးဝေလျက်ရှိသည်။
ယခုနှစ်နွေစပါးရာသီနွေစပါးနှင့် အခြား သီးနှံများစိုက်ပျိုးနိုင်ရန်အတွက် ရေကြည်ပေါက်မြစ်ရေတင်တွင် စပါး ၁၉၇ ဧက၊ နွေနှမ်း ၉၃ ဧက၊ စားတော်မြစ်ရေတင်တွင် နှမ်း ၁၇၅ ဧက၊ လိပ်ဆံခွန် မြစ်ရေတင်တွင် စပါး ၂၉ ဧကနှင့်နှမ်း ၂၂၈ ဧကနှင့် ဘနောလျှပ်စစ်မြစ်ရေတင်တွင်စပါး စိုက်ဧက ၁၁၇ ဧက၊ အခြားသီးနှံ၁၁၅ ဧက စုစုပေါင်း စပါးစိုက်ဧက ၃၄၃ ဧကနှင့်နွေနှမ်းနှင့်အခြားစိုက်ဧက ၆၁၁ ဧကစုစုပေါင်း ၉၅၄ ဧကစိုက်ပျိုးနိုင်ရန်လျာထားပြီး ရေပေးဝေမှုများကို မတ်လ ၁၅ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန (ရေအရင်းမြစ်) ဦးစီးအရာရှိ ဦးဇော်ဝင်ထွန်း အောင်မြေသာဇံခရိုင်ရုံးထံမှ သိရသည်။
စိုးသီဟ(အမရ)