ကလော မတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက "သိမှတ်ဖွယ်ရာ တိရစ္ဆာန်ပုံပြင်များ"စာအုပ်ထဲမှ ပုံပြင်ခေါင်းစဉ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူတို့က ပုံပြင်ခေါင်းစဉ်အသီးသီးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းသား မောင်နေလင်းထက်က "စိတ်ကောင်းရှိသော ခါငှက်ကလေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မစုမြတ်ရတီအောင်က "လှည့်စားတက်သောမျောက်"ခေါင်းစဉ်နှင့် ကျောင်းသူ မမေသွန်သစ္စာချိုက "ကျေးညီနောင်"ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)