ညောင်ဦး မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့ ရွှေဂူမိဘမဲ့ ပရဟိတ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့မှစတင်ကာ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့ ရွှေဂူမိဘမဲ့ ပရဟိတအခြေခံပညာမူလတန်းလွန်ကျောင်း၌ဒေါက်တာ အရှင်ခေမိန္ဒ ဦးဆောင်ဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်လျက်ရှိရာ လိမ္မာယဉ်ကျေးသည့် အနာဂတ်သားကောင်းရတနာ၊သမီးကောင်းရတနာများဖြစ်ပေါ် လာစေရန်နှင့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဒေါက်တာ အရှင်ခေမန္ဒ အရှင်သူမြတ်၏ ဩဝါဒစကား ကိုနာယူကြသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ညောင်ဦးခရိုင် သာသနာရေးမှူး ဦးနေလင်းသိန်း၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူးဦးထက်အောင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်မြင့်တို့ တက်ရောက်ခဲ့ကြပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ စာအုပ်များလှူဒါန်းဆက်ကပ်ခဲ့ကြောင်း သိရကာ သင်တန်းတွင် နွေရာသီယဉ်ကျေးလိမ္မာအခြေခံအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်နှင့်တတိယအဆင့်သင်တန်းများ ပို့ချသွားမည်ကြောင်း ကျောင်းသား/သူ (၃၅)ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း