မိုင်းခတ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးအတွက် ဆေးရုံသုံးစက်ပစ္စည်းများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရှမ်းပြည်နယ်အရှေ့ပိုင်း စီမံချက် မန်နေဂျာဦးမျိုးသက်နှင့် တာဝန်ရှိသူများက မွေးကင်းစကလေးပြုစုစောင့်ရေး ပစ္စည်းများဖြစ်သည့် မွေးကင်းစကလေးအနွေးပေးစက်(၁)ခု၊ ကိုယ်အလေးချိန်စက်(၁)ခု၊ ချွဲစုပ်စက်(၁)ခု၊ ဒီဂျစ်တယ်သာမိုမီတာ(၁)ခု၊ ကလေးအနှီး(၅၀)ခု၊ အောက်စီဂျင်စက်(၁)ခု၊ စောင်(၁၀)ခု၊ အသက်ရှုအကူကရိယာ(၁)ခု၊ လက်အိတ်(၄၀)စုံပါဝင်ပြီး စုစုပေါင်းတန်ဖိုးငွေကျပ်(၆၂၁၈၅၀၀)ကို လာရောက် လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်မားရေးဝန်ထမ်းများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)