ကာမိုင်းမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှိုးဆော်ခြင်းနှင့် အသိပညာပေး စာစောင်ဖြန့်ဝေခြင်းဆောင်ရွက်

ကာမိုင်း မတ် ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးအသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ(၆)ရက် ညနေ(၄)နာရီက မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာနှိုးဆော်ရာ၌ ကာမိုင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း နေထိုင်သော ပြည်သူများအနေဖြင့် ပူပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီး ဖြစ်သည့်အတွက် မည်သူမဆိုလမ်းသွားနေစဥ် သော်လည်းကောင်း၊ ဆေးလိပ်ဆေးတံများ သောက်သုံးခြင်း မပြုကြရန်၊ နေအိမ်အတွင်း တောင့်တင်းခိုင်မာသော မီးချိတ်၊ မီးကတ်၊ လှေကား၊ သဲ၊ ရေများနှင့်လိုအပ်ပါက မီးသတ်ဆေးဗူးများ ဆောင်ထားကြရန်၊ နေအိမ်ခြံဝင်အတွင်း မီးလောင်လွယ်သော အမှိုက်သရိုက်များ စုပုံထာခြင်းမပြုလုပ်ကြရန်၊ လောင်စာဆီပစ္စည်းများ သိုလှောင်ထားခြင်း မပြုလုပ်ကြရန်၊ စက်ရုံ၊ အလုပ်ရုံများ၊ အိမ်တွင်းမှုလုပ်ငန်းများ၊ စျေးဆိုင်များ၊ တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များအား မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိကြရန်၊ မီးဖိုအသုံးပြုလျှင် လူစောင့်ထားရန်နှင့် လျှပ်စစ်ဓါတ်အားအသုံးပြုလျှင် ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးများကို လဲလှယ်ပေးရန် စသည့်အချက်(၁၈)ချက်ကို မြို့ပေါ်ရပ်ကွက်ရှိ လူစည်းကားရာနေရာများနှင့် နန့်စီးအင်းကျေးရွာအုပ်စု ထွယ်ဆန်ယန်ရပ်ကွက်၊ ကောင်ရာကျေးရွာများသို့ သွားရောက်နှိုးဆော်ခဲ့ပြီး မီးဘေးလုံခြုံရေး အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းကို ဆီဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများအား လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)