၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို စဉ့်ကူးမြို့နယ်မှ ကျောင်းသား/ကျောင်းသူ (၂၄၀)ဦး ဝင်ရောက် ဖြေဆိုမည်

စဉ့်ကူး   မတ်   ၇

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်မှ ကျောင်းသား ကျောင်းသူ (၂၄၀)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ ကျား(၆၇)ဦး၊ မ(၁၁၅)ဦး စုစုပေါင်း(၁၈၂)ဦး၊ ပြင်ပဖြေဆိုသူ ကျား(၂၆)ဦး၊ မ(၃၂)ဦး စုစုပေါင်း(၅၈) ဦး အတွင်းအပြင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၄၀)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်။

စဉ့်ကူးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၇) ကျောင်းရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အထက(စဉ့်ကူး) စာစစ်ဌာန တစ်ခုတည်းသာ ဖွင့်လှစ်ထားရှိပြီး အထက(စဉ့်ကူး)ကျောင်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)