၂၀၂၄ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၉၅၇) ဦး ဝင်ရောက်ဖြေဆိုမည်

ကျောက်ဆည် မတ် ၇

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၉၅၇) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်(၁) အခြေခံပညာအထက်တန်းစာဖြေဌာနတွင် အတွင်းဖြေကျောင်းသား(၃၅၉)ဦး၊ ကျောင်းသူ(၅၁၆)ဦး၊ အပြင်ဖြေကျောင်းသား(၂၈)ဦး၊ ကျောင်းသူ(၅၄)ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)