အမ်း မတ် ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ယမန်နေ့နေ့လယ်က ရုံးလုပ်ငန်းဆိုင်ရာစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန်အတွက် ရုံးလုပ်ငန်းလက်စွဲပါ အကြောင်းအရာများအား သိရှိနားလည်ထားကြရန် လိုအပ်ကြောင်း၊ ယခုဆောင်ရွက်သည့် စာဖတ်ဝိုင်းတွင် ဝန်ထမ်းများ သိသင့်သိထိုက်သည့် ရုံးလုပ်ငန်းဆိုင်ရာ အချက်အလက်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို သိရှိနားလည်ကာ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ဝန်ထမ်းများက လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းသင်ခန်းစာမှတ်စု စာအုပ်ပါ ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များနှင့် ရုံးစာရေးသားနည်း အမျိုးအစားများ၊ ရုံးစာရေးသားနည်းနမူနာပုံစံများကို ဆွေးနွေးခဲ့ကြသည်။ အမ်းမြို့နယ်ရုံးအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် တစ်လလျှင်နှစ်ကြိမ် လစဥ်ဝန်ထမ်းများစာဖတ်ဝိုင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်