မိုင်းယောင်း မတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိရန်၊ မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်ရန် အသိပညာပေးခြင်းနှင့် လိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကိုလည်း ဆောင်ရွက်ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)