ညောင်ဦး မတ် ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက် (၂) လမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ဇင်းမိခင်နှင့် ကလေးကျန်းမာရေးဆေးပေးခန်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများက အသက် (၂) လမှ အသက် (၁) နှစ်ခွဲ ကလေးငယ်များအား ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်း ရောင်းအသားဝါ (ဘီ) စသည့် (၅)မျိုးစပ် ကာကွယ်ဆေး ထိုးနှံခြင်း ဆေးတိုက်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ ရက်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဆေးခန်းများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း