မဘိမ်းမြို့နယ်အတွင်းရှိ မဲရုံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဖြန့်ဝေ

မဘိမ်း     နိုဝင်ဘာ    ၄  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ() ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအား ဖြန့်ဝေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်ကစ၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် KN-95 Mask များကို မဲဆန္ဒရှင်များ၏(၈၀ရာခိုင်နှုန်း)ကို လွှမ်းခြုံ၍ တစ်ဦးလျှင်()ခုနှုန်း၊ Volunteer များအတွက် တစ်ဦးလျှင် Face Shield()ခုနှုန်း၊ Surgical Glove()စုံနှုန်း၊ Volunteer များအတွက် တစ်ဦးလျှင် ()ခုနှုန်း၊ မဲရုံတစ်ရုံစီအတွက် Level 2 PPE ()စုံစီ၊ Level 3 PPE (full set) ()စုံနှုန်းဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအလိုက် ထုတ်ပေးခြင်းဖြစ်ပြီး မဘိမ်းမြို့နယ်တွင် မဲရုံပေါင်း(၄၄)ရုံအတွက် စနစ်တကျထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)