ကျောက်ဆည် မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက် (၈၅) နှစ်အထက် အဘိုး၊ အဘွား (၁၁၀၇)ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားတွင် ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး ဦးစီးအရာရှိမှ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတိုက်ကြီးအောင်ထံသို့ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃) လ ပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် အသက် (၈၅)နှစ်အထက် အဘိုး၊အဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ထောက်ပံ့ပေးအပ်ရာတွင် အဘိုး/အဘွား တစ်ဦးလျှင် (၁)လ ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃) လ ပေါင်း၍ ငွေကျပ် စုစုပေါင်းငွေ (၃၃၂၁၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ အသက် (၈၅) နှစ်အထက် အဘိုး (၁၁၀၇) ဦးအား လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး