ညောင်ရွှေ မတ် ၅
ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းက အမှာစကားပြောကြားပြီး ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်သူဟိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၆၅) ဦး တက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ (၄-၃-၂၀၂၄) ရက်နေ့မှ (၁၇-၃-၂၀၂၄) ရက်နေ့ထိ ရက်သတ္တ (၂) ပတ်ကြာ ပို့ချထားသွားဖြစ်ကြောင်း သတင်းရသည်။
စိုင်းအယ်ဘဲ