ခိုလမ်မြို့တွင် မီတာလိုဖတ်/ပိုဖတ်နှင့် ယူနစ်မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ခိုလမ် မတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာတွင် ယူနစ်မှန်ကန်မှုရှိစေရန်နှင့် မီတာပိုဖတ်/လိုဖတ်ခြင်းမဖြစ်ပေါ်စေရန်အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဝေယံဖြိုး၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများမှ မိဘပြည်သူများအနေဖြင့်  လျှပ်စစ်မီးသုံးစွဲရာတွင် မိမိတို့ သုံးစွဲသော ယူနစ်မှန်ကန်ခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေး၍ မီတာပိုဖတ်/လိုဖတ်များမဖြစ်ပေါ်စေရေး၊ မီတာဖတ်ရှုခြင်းနှင့် မီတာပြဂဏန်းမှန်ကန်ပါက အိမ်ရှင်မှ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း စသည်တို့ကို တစ်အိမ်တက်ဆင်း စနစ်တကျ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)