နောင်ချိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် လျှောက်လွှာတင်သွင်းသည့် ကျောင်းသား၊ ကျောင်းသူ (၅၁၈)ဦးရှိ

နောင်ချို  မတ်လ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၄၉၉)ဦး ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ (၁၉)ဦး စုစုပေါင်း (၅၁၈)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၇)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း စုစုပေါင်း (၁၇)ကျောင်းရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူပေါင်း (၅၁၈)ဦးရှိပြီး ဖြေဆိုသူများအားလုံးသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာမေးပွဲစင်တာ တစ်ခုတည်း၌  ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)