အလုံမြို့နယ်တွင် ​ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ​စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်​​ရေးတွက် စား​သောက်ကုန်များအား ​စျေးကားများဖြင့် လာ​ရောက်​ရောင်းချ

အလုံ   ​အောက်တိုဘာ ၄

 အလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာ စွာဖြင့်  စား​သောက်ကုန်များကို ဝယ်ယူစား သုံးနိုင်ရေးအတွက် ဈေးရောင်းကား()စီးဖြင့် ယမန်နေ့ နံနက်(၇း၀၀) အချိန်က စတင်ကာ လာရောက် ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ နိုင်ငံကုန် သည်များနှင့် စက်မှု၊ လက်မှုအသင်းချုပ်တို့ပူးပေါင်း၍ အလုံမြို့နယ် အတွင်း နေထိုင်သော ပြည်သူများ ဈေးနှုန်းသက် သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဈေးရောင်းကား ()စီးဖြင့် ဆီ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ နှင့် အခြားစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း အလုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ ​စျေးကား (၈)စီးဖြင့် သီရိမင်္ဂလာဥယျာဥ်အိမ်ရာ၊ ​အောင်​ဇေယျရိပ်မွန်၊ ကွင်း​​ကျောင်းလမ်း နေရာ()ခု တွင် ရောင်းချပေး ခဲ့ကြောင်းသိရှိရပြီး စနစ်တကျ ဈေးရောင်းချနိုင်ရေးအတွက် အလုံမြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ပူးပေါင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 တင်တင်ချို (အလုံ)