လှိုင်မြို့နယ် မင်းဓမ္မပညာ့ရိပ်သာတွင် ကိုဗစ်-၁၉ ကာလအတွင်း Mobile Market ဖွင့်လှစ်ဆောင်ရွက်

လှိုင် နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်နေ ပြည်သူများ အသားငါးကုန်စိမ်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာ/သင့်တင့်သော ဈေးနှုန်း ဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ဈေးများသို့ သွားရောက်ရခြင်းကို လျော့ချနိုင်ရေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကုန်သည်/စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်တို့မှ ကြီးမှူး၍ Mobile Market အား စီစဉ်ဆောင်ရွက်ခဲ့သည်။
ဈေးနှင့်ဝေး၍ အိမ်ထောင်စုများသော အိမ်ရာများအား အဓိကထားစီစဉ်ခဲ့ခြင်းဖြစ်ပြီး ပထမဦးစွာ အိမ်ထောင်စု (၆၀၀)ကျော်ခန့်ရှိသော (၁၂)ရပ်ကွက်မင်းဓမ္မလမ်းရှိ မင်းဓမ္မပညာ့ရိပ်သာအိမ်ရာတွင် ယမန် နေ့ နံနက်(၇)နာရီကစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အိမ်ရာကော်မတီတို့နှင့် ပူးပေါင်း၍ ကြိုတင်နှိုးဆော်ခြင်း၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရေးအတွက် ရပ်ကွက်တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြေပြင်လိုအပ်ချက်အပေါ် မူတည်၍ နေရာထပ်တိုးခြင်း၊ ရက်သတ် မှတ်ခြင်းများလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
လှိုင်မြို့နယ်(၁၂)ရပ်ကွက် မင်းဓမ္မပညာ့ရိပ်သာအိမ်ရာနှင့် ပညာရေးဝန်ထမ်းအိမ်ရာတို့တွင် Mobile Market အား နံနက်(၇)နာရီမှ (၁၀)နာရီအထိ ဈေးကား(၈)စီးဖြင့် ရောင်းချပေးခဲ့ရာ အမဲ၊ ဆိတ်(၆၈) ပိဿာ၊ ဝက်(၅၆)ပိဿာ၊ ကြက်(၈၅) ပိဿာ၊ ငါး၊ ပုဇွန်(၁၀)ပိဿာ၊ ကြက်ဥ(၄၀၀၀)လုံး၊ ဘဲဥ(၆၀၀)လုံး နှင့် ငုံးဥ(၁၀၀၀)လုံး၊ ဆီ(၆၀)ပိဿာတန်ဖိုး ခန့်ရောင်းချခဲ့ပြီး (၂,၇၁၀,၀၀ဝိ/-)ခန့်ရောင်းချခဲ့ကြရ ကြောင်း၊ ရောင်းသူ၊ ဝယ်သူများအား Social Distancing နှင့်အညီ စနစ်တကျ ဖြစ်စေရန်နှင့် Mask စနစ်တကျ တပ်ဆင်စေရန် ရပ်ကွက်အုပ်ချုပ်ရေး၊ အိမ်ရာကော်မတီတို့ဖြင့် ပူးပေါင်းကြပ်မတ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ အိမ်ရှင်မများက ယင်းအိမ်ရာများသို့ တစ်ပတ်လျှင်(၁)ရက် ပုံမှန် ရက်သတ်မှတ်၍ လာရောက်ရောင်းချပေးပါရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)