ဥတ္တရသီရိမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေပဉ္စမအကြိမ်ထုတ်ချေး

ဥတ္တရသီရိ နိုဝင်ဘာ   

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်ရှိ ဇလောင်း(မြောက်)ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းအိဖြိုးနှင့်ဝန်ထမ်းများ၊ ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များမှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ(၅၅)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၀၀)ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၂)ဦး စုစုပေါင်းလူဦးရေ(၁၅၇)ဦးအား ရန်ပုံငွေ (၄၂၂)သိန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့သည်။

အဆိုပါကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေကို ပထမအကြိမ်တွင် လူဦးရေ(၁၂၂)ဦးအတွက် ရန်ပုံငွေ (၂၉၇.၅)သိန်း၊ ဒုတိယအကြိမ်တွင် လူဦးရေ(၁၃၀)ဦးအတွက် ရန်ပုံငွေ(၃၂၀.၅)သိန်း၊ တတိယအကြိမ်တွင် လူဦးရေ(၁၄၃)ဦးအတွက် ရန်ပုံငွေ (၃၅၃)သိန်းနှင့် စတုတ္ထအကြိမ်တွင် လူဦးရေ(၁၄၈)ဦးအတွက် ရန်ပုံငွေ(၃၉၀)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အောင်ကို(ပြန်/ဆက်)