မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၆ရက်တာကာလအတွင်း အသက်(၆၀)နှစ်နှင့်အထက်ကြိုတင်မဲ ပေးသည့် မဲဆန္ဒရှင် (၂၂၇၀၉) ဦးရှိ

မုဒုံ      နိုဝင်ဘာ        ၄

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိအသက် (၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်ပြည်သူ‌များသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ‌များကစီစဉ်သည့်နေရာများ၌ကြိုတင်မဲများပေး‌နေကြလျက်ရှိရာယမန်နေ့ညနေအထိ၆ရက်တာကာလအတွင်းမဲပေးပြီးသူ စုစုပေါင်း(၂၂၇၀၉)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အသက်(၆၀)နှစ်နဲ့အထက်မဲဆန္ဒရှင်‌များအနေဖြင့် အောက်တိုဘာလ၂၉ရက်နေ့မှစတင်ကာ နိုဝင်ဘာလ၅ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများအားသတ်မှတ်နေရာများ၌ ကိုယ်တိုင်သွားရောက်‌ မဲပေးခြင်းနှင့် ကျန်းမာရေးအခြေအနေအရကိုယ်တိုင်သွားရောက်ရန်ခက်ခဲသူများကိုလည်း အိမ်တိုင်ရာရောက်ကြိုတင်မဲပေးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မုဒုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်သည့်အသက်၁၈နှစ် ပြည့်ပြီးသူပေါင်း(၁၈၂၃၀၂)ဦးရှိပြီး ယင်းတို့အနက်ကြိုတင်ဆန္ဒမဲပေးနိုင်သည့် အသက်(၆၀) နှစ်နှင့် အထက်၊ကြိုတင်မဲပေးသည့်မဲဆန္ဒရှင်ပေါင်း(၂၂၇၀၉) ဦးရှိကြောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)