မလှိုင်မြို့နယ် Book Club အဖွဲ့၏ သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့

မလှိုင်၊ နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်  Book Club အဖွဲ့၏ သက်ကြီးစာပေပညာရှင်(၆)ဦးတို့အား ပူဇော်ကန်တော့ ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြန်/ဆက်ရုံး Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည် ။

ရှေးဦးစွာ မလှိုင်မြို့နယ် Book Club အဖွဲ့တွဲဖက်အတွင်းရေးမှူး ကဗျာဆရာ ဦးမင်းနိုင် (ရွှေလှိုင်မင်း-မလှိုင်) က သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကန်တော့ခံ ဆရာကြီးများ ကိုယ်စား Book Club အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး( ဦးတင်ဦး - ပညာရေး ) က ဆုတောင်းမေတ္တာ စကားပြောကြားပြီး မျိုးဆက်သစ်စာပေဝါသနာရှင်များ၊ မျိုးဆက်သစ်စာရေးဆရာများ ပေါ်ပေါက်လာစေရန်စာများ များဖတ်ကြရန်တိုက်တွန်းပြောကြားခဲ့သည်။  ထို့နောက်  မြို့နယ်စာရေးဆရာအသင်း  အတွင်းရေးမှူး ဦးအောင်ကြီး      ( မောင်နှင်းအောင်-မလှိုင် ) က ကျေးဇူးတင်စကားပြောကြားပြီး ဆုတောင်းမေတ္တာများပို့သပေးခဲ့သည် ။

အဆိုပါ  သက်ကြီးစာရေးဆရာပူဇော်ပွဲကို မလှိုင်မြို့နေ ဦးမင်းနိုင်(ရွှေလှိုင်မင်း-မလှိုင်)နှင့် ဒေါ်မွှေး နှင့် ညီမ ဒေါ်ရီရီနွယ်တို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကန်တော့ခံသက်ကြီးစာရေးဆရာကြီးများမှာ ဦးဆန်နီ(မောင်စိုးရ- မလှိုင် ) ၊ ဦးတင်ဦး( ဦးတင်ဦး - ပညာရေး )၊ ဦးကျော်မြင့် (ကျော်မြင့်မြတ် - မလှိုင်) ၊ ဦးအောင်ကြီး   ( မောင်နှင်းအောင်- မလှိုင် ) ၊ ဦးသောင်းတင့်( နဒီလှိုင်း- မလှိုင်) ၊ ဦးခင်မောင်(ခင်မောင်- မလှိုင်) တို့ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)