မြစ်သားတွင် မဲရုံများ၌ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက် LED မီးအိမ်များထုတ်ပေး

မြစ်သား    နိုဝင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရပ်ကွက်။ကျေးရွာအုပ်စုများရှိမဲရုံများသို့ LED မီးအိမ်များကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ထုတ်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉၂)အုပ်စုတွင် မဲရုံပေါင်း(၂၀၀)ရုံထားရှိဆောင်ရွက်ထားပြီး မဲရုံများတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မဲရုံတစ်ရုံလျှင် LED မီးအိမ်(၁)လုံးနှုန်းဖြင့် မီးအိမ်အလုံး(၂၀၀)ကို ထုတ်ပေးခြင်းဖြစ်ကာ အဆိုပါ မီးအိမ်များကို အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအား ကြီးကြပ် ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဌာဆိုင်ရာအဖွဲ့(၁၀)ဖွဲ့မှ တာဝန်ကျ ရပ်ကွက်/ကျေးရွာမဲရုံများသို့ ယနေ့နံနက် (၁၀)နာရီအချိန်မှ စတင်ကာ ကွင်းဆင်း၍ ပြန်လည် ဖြန့်ဝေပေးလျက် ရှိကြောင်းသိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှလည်း မြို့နယ်အတွင်း မီးမရရှိသေးသည့် ကျေးရွာ(၂၅) ရွာရှိ မဲရုံ(၂၅)ရုံအတွက် မဲရုံတစ်ရုံလျှင် LED မီးအိမ်(၂)လုံးနှုန်းဖြင့် မီးအိမ်အလုံး(၅၀)ကို ဖြန့်ဝေထားပြီး ဖြစ်ကြောင်းသိရှိရသည်။
ဆုမွန်(ပြန်/ဆက်)