လူထုအခြေပြုဗဟိုဌာန Community Centre (Lashio) တွင် တွဲဖက်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်း ဖွင့်လှစ်

လားရှိုး မတ် ၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း၊ အမှုထမ်းများ၏ တစ်ဦးချင်း အရည်အသွေးတိုးတက်မြင့်မားလာစေရေး၊ ရုံးလုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ သတင်းပြန်ကြားရေးလုပ်ငန်းများ၊ ပြည်သူ့ဆက်ဆံရေး အသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ၊ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားရေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ  ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ လားရှိုးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက တွဲဖက်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ဝန်ထမ်း ၁၀ ဦးဖြင့် မတ်လ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးလုပ်ငန်းဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဘာသာရပ်၊ ပြည်သူ့စာကြည့်တိုက်ဘာသာရပ်နှင့် Digital Library Management System (DLMS) ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)