ဝမ်းတွင်း မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မီးသတ်အုတ်ရေလှောင်ကန်များအားစစ်ဆေးခြင်း၊ အုတ်ရေလှောင်ကန်များအား ရေဖြည့်တင်းခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်း ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ရှိလာသောကြောင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမရှိစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မီးသတ်အုတ်ရေလှောင်ကန်များအားစစ်ဆေးခြင်း၊ အုတ်ရေလှောင်ကန်များအား ရေဖြည့်တင်းခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစိုးထွန်း ဦးဆောင်၍ ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေးအကြံပြုခြင်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)