ငါန်းဇွန် မတ် ၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးပေါ့ဆမှုကြောင့် သာမန်မီးလောင်မှု၊ လောင်စာဆီ၊ အခြားမီးလောင်မှုများကို မီးငြိမ်းသတ်ယာဉ်ဖြင့် လက်တွေ့အရေးပေါ်မီးငြိမ်းသတ်ပုံနည်းစနစ်များ၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းများ လက်တွေ့သရုပ်ပြဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)