မိုးနဲ မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်အတွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို လွိုင်မြေရပ်ကွက်၊ ဝိဇ္ဇာရိယ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ မိုးနဲမြို့နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ အုဋ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါသီလခံယူဆောက်တည်ပြီး မြို့နယ်ဩဝါဒါစရိယ ဝိဇ္ဇာရိယ်ကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တမာဃိန္ဒ(သဒ္ဓမ္မဇောတိကဓဇ)ထံမှ ဩဝါဒခံယူခြင်း၊ သင်တန်းနည်းပြဆရာ ဦးကျော်စိုးမိုးစိန်(အ.ထ.က)မှ သင်တန်းဖွင့်လှစ်ရခြင်း၏ အကျိုးတရားများ ရှင်းလင်းလျှောက်ထားခဲ့သည်။
အဆိုပါဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ဂေါပကဥက္ကဋ္ဌ ဦးတိုးလှနှင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းအထောက်အကူပြုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများထံ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)