နမ့်စန်(တ) မတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက သင်တန်းဖွင့်ပွဲမိန့်ခွန်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ထောက်ပံ့ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။
အဆိုပါသင်တန်းကို မတ်လ ၄ ရက်မှ မတ်လ(၁၅)ရက်နေ့ထိဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ၊ မီးဘေးအန္တရာယ်အပါအဝင် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များအကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံနှင့် ရှေးဦးသူနာပြုစုခြင်း စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း(၃)သင်းမှ အသင်းသားများ၊ စုစုပေါင်း(၅၀)ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။
သူရအောင်(နမ့်စန်)