ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဒုတိယအကြိမ်အလှူငွေလှူဒါန်း

ကျောက်ဆည် နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်ပညာရေးဌာန၊ ဝန်ထမ်းများ၊ ဆရာဆရာမများမှ ဒုတိယအကြိမ် အလှူငွေကျပ် (၁၁၄၄၅၀၀) အား ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေများကို ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်ထံသို့ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် လှူဒါန်းငွေများအား ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှဝန်ထမ်းများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ဆရာ/ဆရာမများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချူပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဒုတိယအကြိမ် အလှူငွေကျပ် (၁၁၄၄၅၀၀) ကို စုပေါင်း လှူဒါန်းပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မိမိအောင် က ပြောကြားခဲ့သည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)