မိုင်းပျဉ်းမြို့နယ်၌ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

မိုင်းပျဉ်း  နိုဝင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ() ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့  ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မဲပုံး၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သောအသိပညာပေး လက်ကမ်း စာစောင်များ၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ အမှန်ခြစ်တံဆိပ်တုံး၊ ချိတ်ထိုးတံဆိပ်တုံး၊ ချိတ်တောင့်၊ လုံခြုံရေးကြိုး၊ Face Shield Apron Hand Spray စသည့် ပစ္စည်းများကို ရပ်ကွက် /ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြသည်။

မိုင်းပျဉ်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု (၃၁)အုပ်စုတွင် မဲရုံပေါင်း (၅၅)ရုံရှိပြီး မဲဆန္ဒရှင်ဦးရေ (၄၅၄၉၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မေမွန်ထွဋ်၊ ပြန်/ဆက်