ဆီဆိုင်၌ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဆီဆိုင် နိုဝင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒေသအဆင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီတို့တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒေသအဆင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ညီညီတင်က ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဒေသအဆင့်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ တွဲဘက်အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင်မှ နိုဝင်ဘာ ရက်နေ့မတိုင်ခင် မဲရုံများ အဆင်သင့်ဖြစ်ရေး၊ သဘာဝဘေး၊ မီးဘေးလုံခြုံရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒေသအဆင့် ဥပဒေအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ထွန်းမှ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များဆိုင်ရာဥပဒေအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များတို့က မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများအလိုက် ရွေးကောက်ပွဲဆိုင်ရာဆောက်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များနှင့် သိရှိလိုသည့်အချက်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် အောင်ချမ်းသာရပ်ကွက်တွင် ကြိုတင်ဆန္ဒမဲပေးခြင်း အခြေအနေများ၊ မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများနှင့် မဲရုံပြင်ပတွင် မဲပေးမည့်သူများအား Social Distancing နှင့်အညီနေရာများ သတ်မှတ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်()ခု၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာပေါင်း(၃၂၁)ရွာ၊ မဲရုံ(၉၃)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၅၉၀၂)ဦးခန့်ရှိပြီး အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၀၀၀)ဦးခန့်ရှိရာ နိုဝင်ဘာ ရက်နေ့အထိ စုစုပေါင်း(၅၃၉၁)ဦး ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)