သထုံခရိုင် ဘီးလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှမဲရုံသုံးပစ္စည်းများထုတ်ပေး

ဘီးလင်း နိုဝင်ဘာ ၄

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင်  ၂၀၂၀  ပြည့်နှစ်    ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဘီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌  မဲရုံသုံးပစ္စည်းများကို    ယနေ့နံနက်ပိုင်းမှ စတင်၍ ဘက်စုံသုံးခန်းမ၌ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံသုံး ပစ္စည်းများထုတ်ပေးရာတွင် မဲရုံသုံးပစ္စည်းများအဖြစ် မဲပုံး၊ ဆန္ဒပြု ခန်းပလပ် စတစ်ခြင်း၊ ချိတ်ပိတ်တံဆိပ်တုံး၊ ချိတ်တောင့်၊  လည်ဆွဲကတ်ပြား၊ မင်ဘူး၊ မဲလက်မှတ်များနှင့်    အခြားမဲရုံသုံးပစ္စည်းများနှင့်    ကိုဗစ်  -  ၁၉ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် လက်သန့် ဆေးရေ ၊လက်အိတ်၊  Face shield  နှင့်  PPE  ဝတ်စုံများကို သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံသို့ တာဝန်ရှိသူများက စနစ်တစ်ကျ စစ်ဆေးထုတ်ပေးလျှက် ရှိသည်။

ဘီးလင်းမြို့နယ်တွင် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၅၀ ၌မဲရုံပေါင်း ၈၂ ရုံဖြင့် ၂၀၂၀ ဒီမိုကရေစီ     ရွေးကောက်ပွဲကို   ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း    မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဖြိုးထက်ကိုထံမှ သိရသည်။

ထူးနောင် (ပြန်ဆက်)