ကျိုင်းတုံမြို့၊ ကျိုင်းဖောင်း ကျန်းမာရေးစစ်ဆေးဂိတ် တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်း

ကျိုင်းတုံ နိုဝင်ဘာ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းဖောင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ဌာဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့က သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် ရှမ်းပြည်နယ်အစိုးအရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဦး၊ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က ကိုဗစ်-၁၉ ကာလအတွင်း ကျိုင်းတုံမြို့အဝင်အထွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် နှာခေါင်းစည်း(Mask) လက်ဆေးဆပ်ပြာ၊ Face Sheild လက်အိတ်၊ ဆပ်ပြာမှုန့်၊ သန့်ရှင်းရေးသုံး Brush ဆပ်ပြာရည်၊ ကလိုရင်းဆပ်ပြာရည်၊ အဖျားတိုင်းကိရိယာ၊ အမျိုးသမီးသုံးပစ္စည်းများနှင့် အလှူငွေများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)