မြင်းခြံမြို့ Forever Friends လူငယ်ပရဟိတအသင်းမှ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေ

မြင်းခြံ နိုဝင်ဘာ

မြင်းခြံမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးအနေဖြင့် Forever Friends လူငယ်ပရဟိတအသင်းမှ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လမ်းဆုံနှင့် မြို့နယ်တရားရုံးအတွင်းတွင် ပေးဝေခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလမှာ မြင်းခြံမြို့ရှိ ပြည်သူများ အပြင်ထွက်သွားလာရာတွင် ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် စနစ်တကျ နှာခေါင်းစည်း Mask များ တပ်ဆင်ကြစေဖို့အတွက် ကျွန်တော်တို့ Forever Friends လူငယ်ပရဟိတအသင်းက လူအများသွားလာရာနေရာဖြစ်တဲ့ ဂရိတ် မီးပွိုင့် လမ်းဆုံ မှာ နှာခေါင်းစည်း Mask အခုရေ ၁၅၀၀ ပေးဝေခဲ့ပါတယ် ဟု Forever Friends လူငယ်ပရဟိတ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းအောင်က ပြောသည်။

Forever Friends လူငယ်ပရဟိတအသင်းအနေဖြင့် နောက်ရက်များတွင်လည်း ထပ်မံ၍ နှာခေါင်း စည်း Mask များ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)