သပိတ်ကျင်း၊ နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာအားလုံးရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများကို သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိရာ၊ မြို့နယ်အတွင်း ပိုးတွေ့လူနာ(၃)ဦး ဆေးရုံတက်ရောက်ကုသနေပြီး ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ်မှ ပြန်လာသူနှစ်ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ အောက်တိုဘာ(၂၅)ရက် နေ့က ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတစ်ဦး ရောဂါသက်သာပျောက် ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာအားလုံးဆေးရုံမှ ဆင်းခွင့်ရပြီဖြစ် ကြောင်း သိရသည်။ ယနေ့ဆေးရုံဆင်းခွင့်ရလူနာမှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ မိမိဒေသသို့ပြန်လည်ရောက်ရှိလာသည့် သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာမှ အသက်(၅၅)နှစ်အရွယ် အမျိုး သမီးတစ်ဦးဖြစ်ပြီး ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသရာ ရောဂါပျောက်ကင်းသက်သာ၍ ဆေးရုံမှဆင်းခွင့်ရခဲ့သည်။
အဆိုပါလူနာများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတ်မှတ်ချက် များနှင့် ကိုက်ညီသဖြင့် ဆေးရုံဆင်းပြီးနောက် မိမိနေအိမ်၌ (၇)ရက်အသွားအလာ ကန့်သတ်ကာမိမိနေအိမ် တွင်နေရမည်ဖြစ်ကြောင်း ဆေးရုံဆင်းခွင့်ရရှိသူများကို တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်ပေးအပ်ပြီး ကျန်းမာရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့်အချက်များ တိကျစွာလိုက်နာရန် မှကြားခဲ့ကြောင်းသိရသည်။
စိုးနိုင်ဝင်း (ပြန်/ဆက်)