မြစ်သား၊ နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၀ နှစ် အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေး အဖြစ်နွားနို့တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က မြစ်သားမြို့နယ်အတွင်းရှိ ပေတောပရဟိတဂေဟာနှင့် နေရှင်နယ် ပရဟိတဂေဟာများသို့ သွား ရောက် တိုက်ကျွေးခဲ့ကြောင်းသိရသည်။
အသက်(၁၀)နှစ်အောက် ကလေးသူငယ်များအား အာဟာရတိုက်ကျွေးခြင်းအစီအစဉ်အဖြစ် ပေတော ပရဟိတဂေဟာရှိ ကလေး(၅၇)ဦး၊ နေရှင်နယ်ပရဟိတဂေဟာရှိ ကလေး(၄၇)ဦး စုစုပေါင်း(၁၀၄)ဦးတို့အား ဩအ့နမ ငြု နို့ဘူးများကို ခရိုင်။မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီး ဌာနဝန်ထမ်းများပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် အောက်တိုဘာ(၈)ရက်နေ့မှ စတင်ကာ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များ၌ ပုံမှန်တိုက်ကျွေးလျက်ရှိကြောင်းနှင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး (နီဃ) နည်းစနစ်ကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် တိုက်ကျွေးခြင်းဖြစ်ကြောင်းသိရသည်။
မြမြမွန်(ပြန်။ဆက်)