နောင်တရား ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ လမ်းစုံ၌ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့နံနက် ၁၀ နာရီတွင် အသိပညာပေး ဖြန့်ဝေခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံး ရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်ခြင်း၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလိုကြောင်းနှင့် ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်း စသည့်ခေါင်းစဉ်များ ပါဝင်သည်။
အဆိုပါလက်ကမ်းစာစောင်ကို နောင်တရားမြို့ လမ်းစုံ၊ ရပ်ကွက်များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် ကျေးရွာများသို့ သတင်းစကားစောင်ရေ စုစုပေါင်း(၂၂၀)စောင်ကို ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)